Politics, Law & Military
ပြည်ထောင်စု ရှေ့နေချုပ် နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အမည်စာရင်းများ အဆိုပြု တင်ပြ

ရန်ကုန် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
ပြည်ထောင်စု ရှေ့နေချုပ် အဖြစ် ဦးထွန်းထွန်းဦး နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် ဦးမော်သန်း တို့အား ခန့်အပ် တာဝန်ပေးရန် နိုင်ငံတော် သမ္မတက အဆိုပြု တင်ပြချက်ကို ယနေ့ဧပြီ ၄ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက လွှတ်တော်သို့တင်ပြခဲ့သည်။
ထိုကိစ္စနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ် များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။ (Xinhua)