Connect with us

Politics, Law & Military

ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းမည့် ပြည်ထောင်စုဝန်ကြီးနှစ်ဦး၏အမည်စာရင်းအားအတည်ပြုပြောကြား

ပြည်ထောင်စုလွှတ်တော်အစည်းဝေးကျင်ပနေပုံမြင်ကွင်း

ရန်ကုန်၊ဧပြီ၃ရက်(ဆင်ဟွာ)

ဧပြီ ၄ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် နိုင်ငံတော်သမ္မတက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမျိုးသိန်း ကြီး ၊စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဖေမြင့်ထွန်း တို့အား အမည်စာရင်း တင်သွင်းမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်ပိုင်းခေါင်းဆောင်ဦးဝင်းထိန်ကပြောသည်။

ဦးဝင်းထိန်က “ဦးမျိုးသိန်းကြီးက ပါချုပ်ညွှန်ချုပ်လုပ်ဖူးတယ်။ဦးဖေမြင့်ထွန်းက အတွင်းဝန်အဖြစ်တာဝန် ထမ်းဆောင်ပြီး အလုပ်ထွက်ထားသူဖြစ်တယ်။ နှစ်ဦးစလုံးက ပညာရှင် တွေဖြစ်ပါတယ်” ဟုပြောသည်။

ဧပြီလ ၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများအဖြစ်
ခန့်အပ်တာဝန်ပေးသင့်သူများ၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခြင်း အစီအစဉ် ပါဝင်သည်။ အဆိုပါဝန်ကြီးဌာန နှစ်ခုသည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူထားသည့်ဝန်ကြီးဌာန ၄ ခုထဲမှ ၂ ခုဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117