Connect with us

Politics, Law & Military

ပညာရေးဝန်ကြီးဌာန ၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနများတွင် ပြည်ထောင်စု ဝန်ကြီး ၂ ဦး ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်သို့တင်ပြ

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ က ပြည်ထောင်စု ဝန်ကြီးများ အဖြစ် ပညာရေးဝန်ကြီးဌာနတွင် ဦးမျိုးသိန်းကြီး ၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ဦးဖေဇင်ထွန်း တို့အား ခန့်အပ် တာဝန်ပေးရန် အဆိုပြု တင်ပြသော အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ဧပြီ ၄ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။

ထိုပညာရေးဝန်ကြီးဌာနနှင့် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနတို့သည် မူလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပူးတွဲတာဝန်ယူထားသည့် ဝန်ကြီး ဌာန ၄ ခု အနက်မှ ၂ ခု ဖြစ်သည်။

ယခုကဲ့သို့ ပညာရေးဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန်ကြီး အဖြစ် ဦးမျိုးသိန်းကြီး ၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန်ကြီး အဖြစ် ဦးဖေဇင်ထွန်း တို့အား ခန့်အပ် တာဝန်ပေးရန် အဆိုပြု တင်ပြသည့် ကိစ္စနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.