Politics, Law & Military
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက် အပေါ် တွေ့ဆုံ ဆွေးနွေးနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဟု ပြန်လည် အသိပေး
ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးလိုကြောင်း ဖိတ်ကြားချက်ကို လာမည့်အပတ်အတွင်း အဆင်ပြေမည့် အချိန်တွင် အမျိုးသား သင့်မြတ်ရေးကို အခြေခံပြီး အခြား အရေးကိစ္စများ ရှိပါကလည်း ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ပြည်သူများသို့ခေါင်းစဉ်ဖြင့် ၎င်း၏ Facebook စာမျက်နှာမှ ပြန်လည် အသိပေး ရေးသား ထုတ်ပြန်ခဲ့သည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံ၍ ပြည်ထောင်စု လွှတ်တော် နာယကနှင့် တွေ့ဆုံဆွေးနွေးလိုပါကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင် လက်မှတ်ရေးထိုးကာ ဖိတ်ကြားသည့် နိုဝင်ဘာလ ၁၀ ရက်နေ့ရက်စွဲပါ စာတစ်စောင်အား လက်ခံ ရရှိခဲ့ပါကြောင်း ပြည်သူများသို့ခေါင်းစဉ်ဖြင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
နိုင်ငံတည်ငြိမ်ရေး၊ ငြိမ်းချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တည်ဆောက်ရေးတွင် ပူးပေါင်း ပါဝင် ဆောင်ရွက် နိုင်ကြပါစေဟုလည်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း က ရေးသား ဖော်ပြထားသည်။ (Xinhua)