Politics, Law & Military
ပြည်ပသို့တင်ပို့ခွင့် မပြုသော ကုန်ပစ္စည်းများ အနက်မှ ကုန်စည် ၅ မျိုးအား ဖြေလျှော့ တင်ပို့ခွင့်ပြု
ရန်ကုန် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ)
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအား ပြည်ပသို့တင်ပို့ခွင့် မပြုသော ကုန်ပစ္စည်းများ အနက်မှ ကုန်စည် ၅ မျိုးအား ပြည်ပသို့ဖြေလျှော့ တင်ပို့ခွင့်ပြုလိုက်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ(၆၂/၂၀၁၆)အား ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်ပသို့တင်ပို့ခွင့် မပြုသော ပစ္စည်းများမှ ဖြေလျှော့ တင်ပို့ခွင့် ပြုမည့် ကုန်စည် ၅ မျိုးမှာ ပန်းနှမ်းဆီ ၊ မုန်ညင်းစေ့ ၊ မုန်ညင်းဆီ ၊ နေကြာစေ့ ၊ နေကြာဆီ ၊ ဆီကြိတ်ဖတ် အားလုံး နှင့် ပုဇွန်ဖွဲ တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပြည်ပသို့တင်ပို့ခွင့် မပြုသော ကုန်ပစ္စည်းများကို ပြည်တွင်း ဈေးကွက် လိုအပ်ချက် အခြေအနေများ အပေါ် မူတည်ပြီး အခါအားလျှော်စွာ ပြင်ဆင် ပြောင်းလဲသင့်သည်များကို ပြင်ဆင် ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။(Xinhua)