Connect with us

Politics, Law & Military

မြန်မာနိုင်ငံမှ နျူကလီးယား လက်နက် စမ်းသပ် ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေး စာချုပ် အတည်ပြု ပါဝင်နိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့တင်ပြထား

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေမှုအား တွေ့ရစဉ်(ဓာတ်ပုံ- Myanmar Union Parliament )

ရန်ကုန် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံမှ လက်မှတ်ရေးထိုးထားသည့် နျူကလီးယား လက်နက် စမ်းသပ် ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေး စာချုပ် (Comprehensive Nuclear-Test-Ban Treaty –CTBT)အား အတည်ပြု ပါဝင်ရေး အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စု လွှတ်တော်သို့သဘောတူညီချက် ရရှိရန် တင်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် နျူကလီးယား လက်နက် စမ်းသပ် ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေး စာချုပ်သို့ ပါဝင်ခြင်းဖြင့် အဏုမြူစွမ်းအင်ကို ဆေးဝါးကုသရေး၊ သီးနှံများပြုပြင်ထိန်းသိမ်းရေး၊ ပိုးမွှားရောဂါကာကွယ်ရေး၊ အဆင့်မြင့်နည်းပညာများအတွက် သုတေသနနှင့် သင်ကြားမှုလုပ်ငန်းများဆောင်ရွက်ရေး၊ လျှပ်စစ်စွမ်း အင်အတွက် နျူကလီးယာ စွမ်းအင် အသုံးချရေး စသည့် ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အဏုမြူစွမ်းအင်အား အသုံးပြုနိုင်ရန် နည်းပညာ အထောက်အပံ့ များရရှိမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
နျူကလီးယား လက်နက် စမ်းသပ် ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေး စာချုပ်သို့နိုင်ငံပေါင်း ၁၈၃ နိုင်ငံမှ လက်မှတ်ရေးထိုးထားပြီး နိုင်ငံပေါင်း ၁၆၄ နိုင်ငံမှ အတည်ပြု ပါဝင်ထားပြီး ဖြစ်ရာ မြန်မာနိုင်ငံမှ အတည်ပြုပြီး ဖြစ်သည့် နိုင်ငံများတွင် ပါဝင်လာခြင်းဖြင့် နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေး ဆိုင်ရာ နိုင်ငံတကာ၏ ကြိုးပမ်းအား ထုတ်မှုတွင် ပူးပေါင်းဆောင်ရွက်မှုကို ပြသရာရောက်မည် ဖြစ်ကြောင်း သိရသည်။
နျူကလီးယား လက်နက် စမ်းသပ် ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေး စာချုပ် (Comprehensive Nuclear-Test-Ban Treaty –CTBT)ကို မြန်မာနိုင်ငံမှ ၁၉၉၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် လက်မှတ် ရေးထိုးခဲ့ပြီး စာချုပ်အား အတည်ပြု ပါဝင်ရေး ယခုကဲ့သို့ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီချက်ရရှိရန် တင်ပြခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.