Connect with us

Politics, Law & Military

ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံ ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လမ်းညွှန်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ မေ ၂၈ ရက် (ဆင်ဟွာ)

အစိုးရ အုပ်ချုပ်ရေး ယန္တရား အသစ် စတင်ဆောင်ရွက်သည့် ကာလတွင် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တွေ့ကြုံရသည့် အခက်အခဲများနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များသည် မေလ ၂၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံသားများ၏ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံ ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်မှာကြားခဲ့သည်။

ပြည်သူများထံမှ မြေယာပြဿနာဆိုင်ရာ တင်ပြချက်များကို ဖြေရှင်း ဆောင်ရွက်ကြရာတွင် တရားမျှတခြင်းကို ကရုဏာဖြင့် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ရန် ၊ ဒုတိယသမ္မတ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် မြေယာ သိမ်းဆည်းမှုများ ရပ်ဆိုင်းထားရေး ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် ၊ အုပ်ချုပ်ရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေ အရာရှိချုပ်နှင့် ဥပဒေ ပညာရှင်များ၏ သဘောထားကို အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့ပြင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေမှုများ လျော့နည်း ပပျောက်စေရန် အုပ်ချုပ်ရေးနှင့် လုံခြုံရေး အဖွဲ့အစည်းများ သာမက လူငယ်လူရွယ်များနှင့် ၎င်းတို့၏ မိဘများ ပါဝင် လာရေး အလေးထား ဆောင်ရွက်ကြရန် ၊ လူငယ်လူရွယ်များ အကြား မူးယစ်ဆေးဝါး သုံးစွဲမှု တွင်ကျယ် နေခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစီအမံတစ်ခု ချမှတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်အကြား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သော်လည်း လုပ်ပိုင်ခွင့် ကျော်လွန်၍ ဆောင်ရွက်သည့် အနေ အထားမျိုး မဖြစ်စေရေး သတိပြု ဆောင်ရွက်ရန် ၊ နိုင်ငံတကာ အဖွဲ့အစည်းများ သွားလာမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး / ပြည်ထောင်စု အစိုးရအကြား ထိထိ ရောက်ရောက် ညှိနှိုင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးအဖွဲ့ များသည် ပြည်ထောင်စု အစိုးရနှင့် အချိတ် အဆက် မိမိ ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ အချိတ်အဆက် မိမှသာ အစိုးရအဖွဲ့၏ ဆောင်ရွက်ရမည့် လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အနေဖြင့် တိုင်း ဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပြည်ထောင်စု အစိုးရ တို့အကြား ဆက်သွယ် ဆောင်ရွက်ရာတွင် များစွာ အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.