Connect with us

Politics, Law & Military

ရန်ကုန် ၊ မန္တလေး မြို့များတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ဒဂုံ နှင့် ရတနာပုံ အထူး စီမံချက်များ ချမှတ် ဆောင်ရွက် သွားမည်

ရန်ကုန်မြို့လယ် ဆူးလေစေတီအား ညဘက် တွေ့မြင်ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန် မြို့တော်နှင့် မန္တလေးမြို့တော်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဒဂုံ အထူးစီမံချက်နှင့် ရတနာပုံ အထူး စီမံချက်များအား ရက် ၁၀၀ စီမံချက် အဖြစ် ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

ထို့အတူ နေပြည်တော် ပြည်ထောင်စု နယ်မြေ နှင့် တိုင်းဒေသကြီး/ ပြည်နယ်(၁၄) ခု အပါအဝင် အဓိကကျသည့် ရန်ကုန်မြို့တော်နှင့် မန္တလေး မြို့တော်တွင် မှုခင်းကျဆင်းရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသားများ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူများ ၊ နိုင်ငံရေး နှင့် ဆက်နွယ်ပြီး အမှု ရင်ဆိုင် နေကြသူများနှင့် စပ်လျဉ်းသည့် အမှုများကို ရုပ်သိမ်း ပိတ်သိမ်းနိုင်ရန် ဆောင်ရွက်ပြီး ဝန်ဆောင်မှု ကို ရှေးရှုသည့် ရဲလုပ်ငန်း စနစ်အဖြစ် အသွင်သဏ္ဍာန် ပြောင်းလဲခြင်းနှင့် အနှစ်သာရ တိုးမြှင့်ရန် ပြောင်းလဲခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ငွေကြေး အလွဲ သုံးစားမှုများ ၊ စီးပွားရေး ဆိုင်ရာ အမှုအခင်းများ လျော့နည်း ပပျောက်ရန် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာနသည် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်အမှု ရင်ဆိုင် နေကြရသူများကို ရဲစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်းခြင်း ၊ ရုပ်သိမ်းခြင်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ပိတ်သိမ်းပြီး အမှု (၂၅၆) မှု ၊ စုစုပေါင်း (၄၄၀) ယောက်ကို အမှု ပိတ်သိမ်းပြီး အချုပ်မှ လွှတ်ပေးခဲ့ကာ ကျန်ရှိသည့်အမှု (၁၁) မှုမှ အမျိုးသား တရားခံ (၁၃) ဦးကို သက်ဆိုင်ရာ တရားရုံးများ၊ ဥပဒေရုံးများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ရက်ပေါင်း (၁၀၀) အတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.