Connect with us

Politics, Law & Military

နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည် သုံးသပ်ရေး အစည်းအဝေး ဇွန်လဆန်းတွင် ကျင်းပ ပြုလုပ်ရန် သဘောတူ

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) အကြို ပြင်ဆင်ရေး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေး (ဓာတ်ပုံ- U Hla Maung Shwe Facebook)

နေပြည်တော် ၊ မေ ၂၈ ရက် (ဆင်ဟွာ)

မူဘောင် ပြန်လည် သုံးသပ်ရေး အစည်းအဝေးကို ဇွန်လဆန်းတွင် ကျင်းပပြုလုပ်ရန် ယနေ့မေလ ၂၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) အကြို ပြင်ဆင်ရေး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) အကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၁) အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) အကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၁)တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများလည်း ပူးတွဲပါဝင်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117