Politics, Law & Military
ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်မောင်ကို အတည်ပြု
ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌနေရာကို လက်ရှိ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို ဆက်လက်ခန့်အပ်ရန် ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက ကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်း သိရသည်။
သက်တမ်းကုန်ဆုံးပြီး လစ်လပ်မည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးနေရာ အတွက် လက်ရှိ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို ခန့်အပ်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဇူလိုင်လ ၂၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ထံ အကြောင်းကြားစာ ပေးပို့ခဲ့သည်။
ဦးကျော်ကျော်မောင်သည် ၂၀၁၃ ခုနှစ်မှစ၍ ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် လာသူဖြစ်သည်။(Xinhua)