Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၌ ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း

နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အား ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးသတင်းထုတ်ပြန်ချက်အမှတ် ၈ / ၂၀၁၈ ဖြင့် ယနေ့ထုတ်ပြန်ခဲ့သည်။

ဤလွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်သည် ARSA အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များ၊ ယင်းနှင့် ဆက်နွယ်နေသည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် တွင် ဖိလစ်ပိုင်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ကုလသမဂ္ဂCEDAW ကော်မတီ ၏ ဥက္ကဋ္ဌဟောင်း နှင့် လက်ရှိအဖွဲ့ဝင် သံအမတ်ကြီး ရိုဆာရီယိုမယ်နာလို က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး မှ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးမြသိန်း၊ လူသားချင်းစာနာ ထောက်ထားမှုကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် နှင့် အရေးပေါ်ကယ်ဆယ်ညှိနှိုင်းရေး မှူးဟောင်းကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား နှင့် ယူနီဆက်အဆင့်မြင့်အရာရှိကြီးဟောင်း နှင့် ကုလသမဂ္ဂဝန်ထမ်းကောလိပ်ကျောင်းအုပ်ကြီးဟောင်း ဒေါက်တာအောင်ထွန်းသက်တို့ အားအဖွဲ့ဝင်အဖြစ် ဖွဲ့စည်းထားကြောင်းသိရသည်။ကော်မရှင်ကို ပြည်တွင်း နှင့် နိုင်ငံတကာမှ ဥပဒေ နှင့် နည်းပညာ ကျွမ်းကျင်သူများက ပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သမ္မတရုံး ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.