Connect with us

Politics, Law & Military

မြန်မာ့ အိမ်ထောင်စု ၇ သန်းခွဲတို့ ခေတ်မီ လျှပ်စစ် အသုံးအဆောင်များ သုံးစွဲလျက်ရှိ

လျှပ်စစ်စွမ်းအင် စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိခိုင် အဖွင့်မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အိမ်ထောင်စု အားလုံး၏ ၇၀ ရာခိုင်နှုန်း (အိမ်ထောင်စု ၇ ဒသမ ၅ သန်း)တို့သည် ခေတ်မီ လျှပ်စစ်ပစ္စည်း အသုံးအဆောင်များ သုံးစွဲနေကြောင်း ကမ္ဘာ့ဘဏ်၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြခဲ့သည်။

“လက်ရှိကာလတွင် မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၇၀ ရာခိုင်နှုန်းခန့် (၇ ဒသမ ၅ သန်းရှိသည့် အိမ်ထောင်စုများ)သည် ခေတ်မီ အသုံးအဆောင် လျှပ်စစ် ပစ္စည်းများကို သုံးစွဲနိုင်သည့် အခြေအနေ တွင် ရှိနေသည်။ ဆိုလိုသည်မှာ အိမ်ထောင်စုများသည် တစ်ရက်လျှင် လေးနာရီ လျှပ်စစ်ဓာတ်အား ရရှိနေပြီး ညနေပိုင်းတွင်လည်း တစ်နာရီမှ နှစ်နာရီအထိ တီဗီ၊ သို့မဟုတ် ပန်ကာကဲ့သို့သော ဓာတ်အား သုံးစွဲမှုနည်းသည့် အသုံးအဆောင် ပစ္စည်းများနှင့် မီးလုံးများ သုံးစွဲနိုင်သည်။” ဟု မြန်မာ နိုင်ငံတွင် လျှပ်စစ် စွမ်းအင် ရရှိ သုံးစွဲမှုအပေါ် ကမ္ဘာ့ဘဏ်က ကွင်းဆင်းလေ့လာ သုတေသန ပြုထား သည့်အချက်အလက်များ ထုတ်ပြန် အသိပေး၊ ဆွေးနွေး အကြံပြုကြသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ်မှ Energy Practice Manager Ms. Julia Fraser အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ်မှ စွမ်းအင် ပညာရှင် ဦးမျိုးမြင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာ့ လျှပ်စစ်ဓာတ်အား ရရှိ သုံးစွဲမှု အခြေအနေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ ထုတ်ပြန်ချက်တွင် မြို့ပြဒေသ အိမ်ထောင်စုများ၏ ၈၅ ရာခိုင်နှုန်းသည် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားကိုရရှိနေပြီး ကျေးလက်ဒေသ အိမ်ထောင်စုများ၏ ၆၀ ရာခိုင်နှုန်းတို့မှာ မဟာ ဓာတ်အားလိုင်း ပြင်ပ နည်းလမ်းများမှရရှိသော လျှပ်စစ်ဓာတ်အားကို သုံးစွဲနေကြောင်း၊ မဟာဓာတ် အားလိုင်း ရောက်ရှိပြီးဒေသတွင်း တည်ရှိသည့် အိမ်ထောင်စုများထံသို့ လျှပ်စစ်ဓာတ်အား တိုးချဲ ့ ရောက်ရှိနိုင်သည့် အလားအလာကောင်းျားရှိနေကြောင်းလည်း ဖော်ပြပါရှိသည်။

ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြုထားသည့် သက္ကရာဇ် ၂၀၃၀တွင် လူတိုင်း လက်လှမ်းမီပြီး ယုံကြည် စိတ်ချ ရေရှည်တည်တံ့မည့် ခေတ်မီ စွမ်းအင် ရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုးတက် အောင်မြင်မှုများကို အကဲဖြတ် မှတ်တမ်းတင်နိုင်ရန် ၂၀၁၇ ခုနှစ်၌ မြန်မာနိုင်ငံအပါအဝင် ၁၅ နိုင်ငံတို့တွင် ကမ္ဘာ့ဘဏ်က ကွင်းဆင်း သုတေသနပြုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အမျိုးသားအဆင့် လျှပ်စစ် စီမံကိန်းအရ အိမ်ထောင်စု ခြောက်သိန်းကျော်ကို လွှမ်းခြုံနိုင် မည့် ကျေးရွာ ၅၀၈၀ ရွာကို လျှပ်စစ်ဓာတ် ဖြန့်ဖြူးနိုင်ရေး ပထမအဆင့် အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၇၃၈ သန်း ကူညီပံ့ပိုးဖို့ စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း၊ ထိုစာချုပ်များ အရ လိုအပ်သော ပစ္စည်း တပ်ဆင်မှုများ၊ ရှေ့ပြေး ချိတ်ဆက် ဆောင်ရွက်မှုတွေ ပြီးဖြစ်ကြောင်း၊ အမျိုးသား လျှပ်စစ် စီမံကိန်းကို ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများ၏ ဘတ်ဂျက် သုံးစွဲခွင့်ပမာဏ၊ KfW,AfD, ADB, JICA နှင့်အခြား အဖွဲ့အစည်းများ၏ လှူဒါန်း ပံ့ပိုးငွေများဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအင် စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိ ခိုင်က ပြောခဲ့သည်။

မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိမှုကို အထောက်အကူ ပြုစေရန် ရည်ရွယ် ကျင်းပသော ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် ကမ္ဘာ့ဘဏ်၏ ကွင်းဆင်း သုတေသန ပြုချက်များအား ရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မိတ်ဖက် အဖွဲ့အစည်းများ တို့မှ တာဝန်ရှိသူများက ရှေ့လုပ်ငန်းစဉ်များ၌ ကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများကို ဆွေးနွေးအကြံပြုကြမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.