Connect with us

Politics, Law & Military

မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နှင်းရာတွင် ပြည်သူ လူထု ပါဝင်လာမှု အပေါ် ထိရောက်သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံးဆောင်ရွက်ပေးရန် အရေးကြီး အဆိုအား ပြည်သူ့လွှတ်တော်၌ ဆွေးနွေးမည်

အရေးကြီးအဆိုတင်သွင်းသူ ဝိုင်းမော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး လဂမ်ဇယ်ဂျုံးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

မူးယစ် ဆေးဝါး တိုက်ဖျက်နှိမ်နှင်းရာတွင် ပြည်သူလူထု ပါဝင်လာမှု အပေါ် ကြိုဆို ထောက်ခံရန်နှင့် ဟန့်တား နှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ် ပေးရန် အပြင် ထိရောက်သော ကူညီ ပံ့ပိုးမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရ အဖွဲ့သို့ပြည်သူ့လွှတ်တော်မှ တိုက်တွန်းကြောင်း အရေးကြီးအဆိုအား ဆက်လက် ဆွေးနွေးရန် ယနေ့ဖေဖော်ဝါရီ ၂၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ထိုအရေးကြီးအဆိုအား ဝိုင်းမော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး လဂမ်ဇယ်ဂျုံးက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ်မှ လက်ရှိ မှုးယစ် ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သတ်၍ အလျင်အမြန် ကူညီ ဆောင်ရွက်ပေးရမည့် အခြေအနေ ဖြစ်ပေါ်နေသည့် အတွက် ပြည်သူ့လူထု၏ တင်ပြ တောင်းဆိုချက်အရ အရေးကြီး အဆိုတစ်ရပ်ကို တင်သွင်းရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထိုအရေးကြီး အဆိုနှင့် ပတ်သက်၍ အင်ဂျန်းယန် မဲဆန္ဒမှ လွှတ်တော် ကိုယ်စားလှယ် ဦးလမာနော်အောင်က ထောက်ခံ ဆွေးနွေးခဲ့သဖြင့် အဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောဆန္ဒ ရယူရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၄၀၆ ဦး အနက် ထောက်ခံ ဆန္ဒမဲ ၃၅၇ ၊ ကန့်ကွက် ဆန္ဒမဲ ၁၀ ၊ ကြားနေ ဆန္ဒမဲ ၅ မဲဖြင့် အဆိုအား ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.