Connect with us

Politics, Law & Military

ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံစဉ်( ဓါတ်ပုံ-- ပြည်သူ့လွှတ်တော်ဖေ့ဘွတ်)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဒေါ်စုစုလွင်သည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang (မစ္စတာ ဟုန်လျန်) အား ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီလ၂၄ ရက် နေ့လယ် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ်(I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း ပြည်သူ့လွှတ်တော်ရှိ ဖေ့ဘွတ်စာမျက် နှာတွင် သတင်းထုတ်ပြန်သည်။

ထိုသို့ တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံကြား ယခင်ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းကာလတွင်လည်း အပြန်အလှန် နားလည်မှုရှိစွာဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇော်သိန်း၊ ဒေါ်ခင်နှင်းသစ်၊ ဦးဇာနည်မင်း၊ ဦးစိုင်းငေါင်းဆိုင်ဟိန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.