Connect with us

Politics, Law & Military

တရားဝင် မှတ်ပုံတင်ခြင်း မရှိဘဲ မမှန်ကန်သော မော်တော်ယာဉ်များအား စိစစ် အရေးယူသွားမည်

တရားဝင် မှတ်ပုံတင်ခြင်း မရှိသည့် အက္ခရာဂဏန်းများ ရေးသားတပ်ဆင်၍ သွားလာနေသော ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

အများပြည်သူဆိုင်ရာ နေရာများတွင် တရားဝင် မှတ်ပုံတင်ခြင်း မရှိဘဲ မမှန်ကန်သော မော်တော်ယာဉ် နံပါတ်ပြားကို တပ်ဆင်၍ မောင်းနှင်ခြင်း ၊ ရပ်နားထားခြင်းများကို စိစစ် အရေးယူသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုမော်တော်ယာဉ်များအား မောင်းနှင်သူများ ၊ မောင်းနှင်ခွင့်ပြုသူများအား မော်တော်ယာဉ်ဥပဒေ ၊ တည်ဆဲ ဥပဒေများ နှင့် အညီ တရားစွဲဆို အရေးယူသွားမည် ဖြစ်သည့် အပြင် မော်တော်ယာဉ်ကိုလည်း သိမ်းဆည်း သွားမည် ဖြစ်၍ မှတ်ပုံတင်ထားခြင်း မရှိသည့် ယာဉ်များ ၊ မမှန်မကန်သည့် ယာဉ်နံပါတ်များ မောင်းနှင် စီးနင်းခြင်း မပြုလုပ်ကြရန် အသိပေး ကြေညာလိုက်သည်။

ယခုအခါ လမ်းများပေါ်တွင် မော်တော်ယာဉ် အချို့သည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတ်မှတ် ထုတ်ပေးထားသော ဖောင်းကြွ အက္ခရာ ဂဏန်းများ မဟုတ်သည့် နံပါတ်များ ၊ ယာယီ နံပါတ်များ ၊ ကိုယ်ထည် နံပါတ်များ (ဥပမာ-ယာယီ ANH10/—–,ZE-2/—–,စသည်ဖြင့်)ရေးသား၍ တပ်ဆင် သွားလာနေသည်ကို တွေ့ရှိနေရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ယခု ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ တရားဝင် မှတ်ပုံတင်ထားသော မော်တော်ယာဉ် စီးရေ ၇၇၂၇၈၈ စီး ၊ မော်တော်ဆိုင်ကယ် ၄၅၃၆၅၇၀ စီး ၊ သုံးဘီး ဆိုင်ကယ် ၇၃၆၁၁ စီး အထိ ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.