Connect with us

Politics, Law & Military

မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တိုက်ဖျက် နှိမ်နင်းရေး နှင့် တားဆီး ကာကွယ်ရေး အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတ လမ်းညွှန် မှာကြား

နိုင်ငံတော် သမ္မတ နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွေ့ ဆုံစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ မေ ၃၁ ရက်(ဆင်ဟွာ)

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တိုက်ဖျက်နှိမ်နင်းရေးနှင့် တားဆီးကာကွယ်ရေးကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် အဖွဲ့ဝင်များ နှင့် ယနေ့တွေ့ဆုံစဉ် လမ်းညွှန် မှာကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမို များပြားလာ သည်ကို သိရှိရကြောင်း ၊ အနာဂတ် လူငယ်များကို လူညွန့်တုံးစေကြောင်း ၊ အမျိုးသားရေး တာဝန် တစ်ရပ် အဖြစ် ပိုမို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ဗဟိုအဖွဲ့၏ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပိုမိုအားထည့် ဆောင်ရွက် သွားစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့အတူ လုပ်ငန်းများ ဆောင်ရွက်ရာတွင် UN Convention ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် စေလို ကြောင်း ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါး အန္တရာယ်ကို ပြည်သူများ အကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အတွက် အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆေးကုသပေးခြင်း၊ ပြန်လည် ထူထောင်ခြင်းတို့ကို ဆောင်ရွက်ပေးရန် လိုအပ်ပြီး မူးယစ် ဆေးဝါး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်း များကို ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ ဒေသ ဆိုင်ရာ မူးယစ်ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးအဖွဲ့များကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ဖွဲ့စည်းသွားရန်လိုအပ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ဒေသမှစိတ်ပါဝင်စားသူ ပြည်သူများ ပါဝင်ဖွဲ့စည်းရန်လိုအပ်ကြောင်း ၊ အဆိုပါ အဖွဲ့အစည်းများကိုလည်း ဆုငွေချီးမြှင့်ရေးစနစ်ကျင့်သုံး၍ လိုအပ်သလို စီမံခန့်ခွဲသွားရန် လိုအပ်ကြောင်း၊ ထို့ပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအထူးအဖွဲ့ကို သီးခြားဖွဲ့စည်း၍ ဗဟိုအဖွဲ့မှ တိုက်ရိုက် ကွပ်ကဲ ကြပ်မတ် သွားရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဗဟိုအဖွဲ့အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်အောင်ဝင်းဦးနှင့် တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်မြင့်အောင်တို့ အပါအဝင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.