Connect with us

Politics, Law & Military

ဒုတိယ တစ်နှစ်တာအတွင်း ဥပဒေ လုပ်ငန်းများပထမတစ်နှစ်ထက် ပိုမို ဆောင်ရွက်နိုင်ခဲ့ဟု ဆို

ဒုတိယ တစ်နှစ်တာအတွင်း ဥပဒေ လုပ်ငန်းများ ရှင်းလင်းတင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေလ ၃၁ ရက်(ဆင်ဟွာ)

နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း ပြည်ထောင်စု ရှေ့နေချုပ် ရုံး့၊ ဥပဒေ စိစစ်ရေး ဦးစီးဌာနသည် ဥပဒေကြမ်းများ စိစစ်ခြင်း၊ ဥပဒေများ ဘာသာပြန်ခြင်း စသည့် ဥပဒေဆိုင်ရာ လုပ်ငန်း ၃၆၀ ကျော်တို့ကို ဆောင်ရွက်နိုင်ခဲ့သည်ဟု အဆိုပါရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က ယနေ့ညနေ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ဥပဒေကြမ်း ၁၁၈ ခုနဲ့ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့့် ညွှန်ကြားချက် ၁၆၅ ခုတို့ကို စိစစ် နိုင်ခဲ့ပြီး ဥပဒေ ပေါင်း ၉၀ ခုတို့ကို ဘာသာပြန်ဆိုနိုင်ခဲ့ပါတယ်၊ ပထမ တစ်နှစ်တာ လုပ်ဆောင်ခဲ့တာ ထက် ပိုပြီး ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

စိစစ်ခဲ့သော ဥပဒေများတွင် … စာချုပ်စာတမ်းများ မှတ်ပု့တင်ဥပဒေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဥပဒေ၊ အမုန်းစကားများ ကာကွယ် တားဆီးရေး ဥပဒေ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီး ကာကွယ်ရေး ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေကိုပြင်ဆင် သည့် ဥပဒေ၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ၊ သစ်တော ဥပဒေ၊ ပြည်ထောင်စု အခွန်အကောက် ဥပဒေ … စသည့် ဥပဒေများ ပါဝင်ကြောင်း၊ အစိုးရ၏ ပထမ တစ်နှစ်တာကာလတွင် ဥပဒေကြမ်း ၆၁ ခုနှင့် နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့် ညွှန်ကြားချက် ၁၃၁ ခုတို့ကို စိစစ်နိုင်ခဲ့ပြီး ဥပဒေ ပေါင်း ၈၀ ခုတို့ကို ဘာသာပြန်ဆိုနိုင်ခဲ့ကြောင်း၊ ဒုတိယ တစ်နှစ်တာ၏ ဆောင်ရွက်မှုမှာ ယမန်နှစ်ကထက် လုပ်ငန်း ၉၁ ခု ပိုများကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

ထို့အတူ ဥပဒေ အကြံပေးရေး ဦးစီးဌာန၏ ဆောင်ရွက်နိုင်မှုမှာလည်း ယမန်နှစ်ကထက် ၇၉၀ ကျော် ပိုမိုခဲ့သည်ဟု ၎င်းက ပြောခဲ့သည်။

ဒုတိယ တစ်နှစ်တာကာလတွင် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ စာချုပ် စာတမ်းများ၊ နားလည်မှု စာချွန်လွှာများ ၇၇၆ ခုဆောင်ရွက် ပြီးစီးခဲ့ရာ ယမန်နှစ်ကထက် ၂၆၆ ခု ပိုခဲ့ကြောင်း၊ အစိုးရဌာနများ နှင့် ပြည်တွင်း ပြည်ပ ကုမ္ပဏီများက ချုပ်ဆိုသော စီးပွားရေး စာချုပ် စာတမ်းများ ၇၆၉ ခု ပြီးစီးခဲ့ရာ ယမန်နှစ်ကထက် ၂၀၅ ခု ပိုမိုခဲ့ကြောင်း၊ အထွေထွေ ဥပဒေ အကြံပေးရာတွင်လည်း ၄၃၃ခုကို ဆောင် ရွက်နိုင်ခဲ့ရာ ယမန်နှစ်ကထက် ၃၀၁ ခု ပိုမိုဆေင်ရွက်နိုင်ခဲ့ကြောင်း ရှင်းပြခဲ့သည်။

တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၏ ဆောင်ရွက်ချက်မှာလည်း ရာဇဝတ် အယူခံမှု၊ ရာဇဝတ် ပြင်ဆင်မှု၊ သေဒဏ် အတည်ပြုမှု၊ အထွေထွေလျှောက်ထားမှု၊ အထွေထွေလျှောက်ထားမှု (အထူး)၊ အထူး အယူခံမှုတို့တွင် ယခု ဒုတိယ တစ်နှစ်တာအတွင်း ၈၆၈ မှု ဆောင်ရွက်နိုင်ခဲ့ရာ ယမန်နှစ်ကထက် ၃၆၁ မှု ပိုမို ဆောင်ရွက်နိုင်ခြင်း ဖြစ်ကြောင်း၊ တရားမစွဲတင်မီ အကြံပေးလုပ်ငန်းတွင်လည်း ၇၆၈၅၇ မှု ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါ ဆောင်ရွက်မှုမှာ ယမန်နှစ်ကထက် ၂၆၂၃ မှု ပိုမိုကြောင်း သိရသည်။

ဥပဒေအရာရှိများနှင့် ဝန်ထမ်းများ၏ တာဝန်ဆောင်ရွက်မှုများနှင့် စပ်လျဉ်းပြီး တိုင်ကြားစာများအပေါ် နိုင်ငံ့ဝန်ထမ်း ဥပဒေအရ ပြစ်ဒဏ် ချမှတ်ရာတွင်လည်း ယမန်နှစ်က စာဖြင့် သတိပေးခြင်း၊ ရာထူးတိုး ရပ်ဆိုင်းခြင်းတို့သာ ဆောင်ရွက်ခဲ့ရာမှ ယခု ဒုတိယ တစ်နှစ်တာတွင် ယာထူးအဆင့် လျှော့ချခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း၊ ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်ခြင်း များအထိ ပြစ်ဒဏ်များ ချမှတ်နိုင် ခဲ့ကြောင်း သိရသည်။ထို့အပြင် ဥပဒေပညာရှင်များ၊ သုတေသီများ၊ ဥပဒေ စိတ်ဝင်စားသူများနှင့် ပြည်သူများ အားလုံး အတွက် ကွန်ပျူတာ၊ လက်ကိုင်ဖုန်းများဖြင့် အလွယ်တကူ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဥပဒေဆိုင်ရာ စာကြည့်တိုက်သဖွယ် အသုံးပြုနိုင်သည့် မြန်မာနိုင်ငံ ဥပဒေ သတင်း အချက်အလက် (Myanmar Law Information System) ကို ၂၀၁၈ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အွန်လိုင်းမှ စတင်ဖွင့်လှစ်ထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.