Politics, Law & Military
မောင်တောခရိုင်ရှိ နယ်စပ်ခြံစည်းရိုး သံကြိုးများ ဖျက်ဆီး၍ အလွယ်တကူ ဝင်ထွက်မှုများရှိ

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ နယ်စပ်ခြံစည်းရိုးများ ဖျက်ဆီး၍ အလွယ်တကူ ဝင်ထွက်သွားလာမှု များရှိနေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ်အတွင်းရှိ နံ့သာတောင်ကျေးရွာသို့ နယ်မြေစိုးမိုးရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး သွားရောက်စဉ် မီးတိုက်ချောင်း၀ ကင်းစခန်းနှင့် ကွမ်းသီးပင်ချောင်း၀ ကင်းစခန်းကြားတွင် ပေ ၁၂၀ ခန့်၊ မီးတိုက်ချောင်း၀ ကင်းစခန်းနှင့် ကွမ်းသီးပင်ချောင်း၀ ကင်းစခန်းကြားတွင် ၃၂ ပေ ခန့် နယ်စပ်ခြံစည်းရိုး ကာရံထားသည့် သံကြိုးများအား ဖျက်ဆီး၍ ချောင်းပေါက်ဝများအတိုင်း တစ်ဖက်နိုင်ငံသို့ အလွယ်တကူ ဝင်ထွက်သွားလာနေနိုင်သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ARSA အစွန်းရောက်အကြမ်းဖက်သမားသည် နံ့သာတောင်ကျေးရွာရှိ တိုင်းရင်းသားနေအိမ် ၃၇ လုံးအား မီးရှို့ ဖျက်ဆီးခဲ့ပြီး နံ့သာတောင်ပရဟိတစာသင်ကျောင်း ဂြိုဟ်နံဘုရားရှိ ဘုရားဆင်းတုတော် အားလုံး၏ မဏိတော် (ဦးခေါင်းတော်) များ ဖြတ်ထားပြီး ဘုန်းကြီးကျောင်းအတွင်း မီးရှို့ဖျက်ဆီးထားခဲ့ကြောင်း သိရသည်။(Xinhua)