Connect with us

Politics, Law & Military

ARSA အစွန်းရောက်အကြမ်းဖက်သမားများ တောင်ပြိုရဲကင်းစခန်းအား တိုက်ခိုက်ရန် ရေးဆွဲထားသော မြေပုံတွေ့ရှိ

မြေပုံစာရွက်များအားတွေ့ရစဉ်  (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောင်ခရိုင်အတွင်းရှိ တောင်ပြိုရဲကင်းစခန်းအား ARSA အစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်ရန် ရေးဆွဲထားသော မြေပုံစာရွက်များ ရှာဖွေတွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက တောင်ပြိုလက်ဝဲကျေးရွာသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ အဆိုပါကျေးရွာ၊ အမှတ်(၁)ရပ်ကွက်ရှိ မော်လဝီဆရာ၏ နေအိမ်တွင် တောင်ပြိုရဲကင်းစခန်းအား တိုက်ခိုက်ရန် မြန်မာဘာသာနှင့် ဘင်္ဂါလီဘာသာ ၂ မျိုးဖြင့် ရေးဆွဲထားသော မြေပုံစာရွက်များအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သြဂုတ် ၂၅ ရက်မှ ၂၉ ရက်နေ့အထိ တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦး၊ ဟိန္ဒူလူမျိုး ၇ ဦးနှင့် ဒိုင်းနက်လူမျိုး ၅ ဦး စုစုပေါင်း၂၅ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)