Connect with us

Politics, Law & Military

လုံခြုံရေးတပ်ဖွဲ့ဝင်များအား ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၅၀ ကျော်ဝင်ရောက် တိုက်ခိုက်သဖြင့် ပစ်ခတ်မှုဖြစ်ပွား

ARSA အစွန်းရောက် အကြမ်းဖက်သမားများ မီးရှို့သွားသော နေအိမ်အားတွေရစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

မောင်တောခရိုင်မေယုတောင်ခြေ အင်းဒင်ကျေးရွာအနီး ယနေ့ သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်း ဆောင်ရွက်နေစဉ် ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၅၀ ကျော်က ဓားများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ခုခံပစ်ခတ်ရာ အကြမ်းဖက်သမား ၁ ဦးအား အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိ ရသည်။

အင်းဒင်ရခိုင်ကျေးရွာအတွင်း၌ အကြမ်းဖက်သမားများက မိုင်း ၂ လုံး ဖောက်ခွဲခဲ့သဖြင့် ကျေးရွာနေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့သည်။ မောင်တောဒေသအတွင်း အကြမ်းဖက် ဖြစ်စဉ်များတွင် ပါဝင်ခဲ့သော ဘင်္ဂါလီနှစ်ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ ခိုအောင်း လှုပ်ရှားရာနေရာ များတွင် တွေ့ရှိသော နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ရေးပစ္စည်းများသည် အစွန်းရောက် အကြမ်းဖက် သမားများအား ထောက်ပံ့ပေးသည်ဟု ရည်ညွှန်းခြင်း မဟုတ်ကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများ အကြမ်းဖက်သမားများထံ ရောက်ရှိနေမှုကို ဆက်လက် စုံစမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။(Xinhua)