Connect with us

Politics, Law & Military

မောင်တောခရိုင်၌ စိတ်ကြွဆေးပြား ၅၂ သိန်းကျော် ၂၀၁၇ခုနှစ် ပထမခြောက်လအတွင်း သိမ်းဆည်းရမိ

ဖေဖော်ဝါရီလ တွင် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားများ နှင့် ဖမ်းဆီးရမိသူများ အားတွေ့ရစဉ် (MOI)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ် ပထမခြောက်လတာ ကာလအတွင်း မောင်တောခရိုင်၌ မူးယစ်ဆေး ဝါးအမှုပေါင်း ၁၃ မှုနှင့် စိတ်ကြွဆေးပြား အရေအတွက် ၅၂ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၄၆)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုနှစ်တွင် အများဆုံးသိမ်းဆည်း ရမိမှုဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု (၄၆) မှ ရဲမှူး က ပြောသည်။ အဆိုပါ မူးယစ်ဆေးဝါး သိမ်းဆည်းရမှု များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း၊ တရားစွဲ အရေးယူမှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အနေဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စုနှင့် လုံခြုံရေး အဖွဲ့များအားလုံးက ဖမ်းဆီးမှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ မောင်တော ခရိုင်သည် ချောင်းမြောင်းများ ပေါများသည့်အတွက် ကာကွယ်တားဆီးရေးတွင် အခက်အခဲများရှိသော်လည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး အသိပညာပေးလုပ်ငန်းများကိုလည်း ရပ်ကွက်နှင့်ကျေးရွာ များအထိ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.