Connect with us

Politics, Law & Military

မောင်တောဒေသ၌ ရှစ်လအတွင်း ပြည်သူ ၃၈ဦးအသတ်ခံရပြီး ၂၂ ဦးဖမ်းဆီးခံရ

မောင်တောဒေသ၌ ၂၀၁၆ အောက်တိုဘာလမှ ၂၀၁၇ ဇွန်အထိအသတ်ခံရသော ဒေသခံများစာရင်းအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ မှ ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ အထိ အပြစ်မဲ့ပြည်သူ ၃၈ ဦးအသတ်ခံရပြီး ၂၂ဦးဖမ်းဆီး/ပျောက်ဆုံး ခံရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အသတ်ခံခဲ့ရသော မောင်တောဒေသခံများသည် ဓားပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများလည်းတွေ့ရှိထားသဖြင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.