Connect with us

Politics, Law & Military

ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ လုပ်ငန်း မြှင့်တင်ခြင်း အတွက် အမေရိကန်ဒေါ်လာ သုံးသိန်းခန့် အသုံးပြုမည်

နိုင်ငံခြားသားဧည့်သည်တစ်ဦး ပုဂံတွင် စက်ဘီးစီးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ လုပ်ငန်း မြှင့်တင်ခြင်း အတွက် အမေရိကန်ဒေါ်လာ သုံးသိန်းခန့် အသုံးပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဆွဲဆောင်မှုရှိသည့် ခရီးသွား အသိုက်အဝန်း ဖော်ဆောင်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေများကို နိုင်ငံတော်အစိုးရထံ ဘတ်ဂျက်တောင်းခံ တင်ပြခြင်း၊ ခရီးသွား ဧည့်သည်များကို ခရီးသွား အခွန်စည်းကြပ် ကောက်ခံခြင်း၊ နိုင်ငံတော် GDP ၏ ခရီးသွားလုပ်ငန်း ဝင်ငွေမှ ရာခိုင်နှုန်းအားဖြင့် ခွင့်ပြုပေးခြင်း စသည့် နည်းလမ်းများ အနက်မှ သင့်လျော်သော နည်းလမ်းကို အသုံးပြုကာ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံသို့ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေရန် ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်းများ တိုးတက်လာစေရန် အာဆီယံနိုင်ငံများဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် စသည့် နိုင်ငံဖြတ်ကျော် ခရီးစဉ်များကို ၂ဝ၁၈ ခုနှစ်တွင် စတင်လုပ်ဆောင်ရန် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း၊လက်ရှိတွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် နယ်စပ်ဖြတ်ကျော် ခရီးစဉ်အဖြစ် မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးတို့ဖြင့် လာရောက် လည်ပတ်မှုများလည်း ရှိနေကြောင်း သိရသည်။ ထို့ပြင် ခရီးသွားဧည့်သည်များ ဝင်ရောက်မှု တိုးတက်စေရေး ဗီဇာကင်းလွတ်ခွင့်အတွက် အာဆီယံ နိုင်ငံတချို့နှင့် သဘောတူညီမှုများ ရရှိထားပြီးဖြစ်ကြောင်း အစိုးရထုတ်ပြန်သောသတင်းအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.