Connect with us

Politics, Law & Military

မောင်တောမြို့တွင် မြေကျင်းတူး၍ ဝှက်ထားသော ကျပ် ၅၈၅ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မြေကျင်းတူး၍ ဝှက်ထားသော စိတ်ကြွရူးသွပ်ဆေးပြားများအား တွေ့ရစဉ်

နေပြည်တော်။ ဒီဇင်ဘာ ၁၂ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဒီဇင်ဘာ ၁၁ ရက်၌ ငွေကျပ် ၅၈၅ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။

မောင်တောမြို့နယ်၊ ရွှေဇား ကျေးရွာအုပ်စု၊ ကံဘဲ့ကျေးရွာနေ ကာမာဆို သူပိုင်ဆိုင်သော ပုဇွန်ကန်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သတင်း အရ သွားရောက်ရှာဖွေရာ ပုဇွန်ကန်ဘောင်၊ ရေလွှဲမြောင်းတွင် မြေကျင်းတူး၍ သိုဝှက်ထားသည့် အဝါရောင် ဆာလာအိတ် ၃ အိတ်အား တွေ့ရှိပြီး စစ်ဆေးရာ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂,၅၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၈၅ဝ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းသိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး ပြင်ဖြူ နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေး ယူပြီး တရားခံဖြစ်သူအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.