Connect with us

Politics, Law & Military

မောင်တောမြို့နယ်၌ တရားမဝင် ဆေးကတ် တစ်သိန်းကျော် ဖမ်းမိ

တရားမ၀င် ဆေးကတ်များနှင့် တရားခံများအားတွေ့ရစဉ်(ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မတ်လ ၂၅ ရက်နေ့တွင် တရားမဝင် သန္ဓေတားဆေးကတ် တစ်သိန်းကျော် ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ခမောင်းဆိပ်တံတား၌ ယာဉ်တစ်စီးအား စစ်ဆေးရာ တစ်ဘက်နိုင်ငံမှ အကောက်ခွန်မဲ့ သယ်ဆောင်လာသည့် ဆာလာအိတ် များဖြင့် ထည့်ထားသော လက်ညှိုးထိုးတံဆိပ် သန္ဓေတားဆေး တစ်ကတ်လျင် ၂၈ လုံးပါ ကတ် ၁၁၁,၀၀၀ ကတ် အား တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများသယ်ဆောင်လာသော ယာဉ်ပေါ်ပါ သုံးဦးအား အောင်ဇူနယ်မြေ ရဲ စခန်း မှ (ပ)၄/၂၀၁၈၊ အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.