Connect with us

Politics, Law & Military

မဟာမဲခေါင်ဒေသတွင်း လမ်းမကြီးများ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ သန်း ၃၆၀ ချေးရန် လွှတ်တော် အတည်ပြု

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၂၆ ရက် (ဆင်ဟွာ)

မဟာမဲခေါင်ဒေသတွင်း လမ်းမကြီးများ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အာဆီယံ အခြေခံ အဆောက်အအုံ ရန်ပုံငွေတို့မှ ဒေါ်လာ သန်း ၃၆၀ ချေးယူရေးကို ယနေ့ ပြည် ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်သည်။

မဟာမဲခေါင်ဒေသခွဲ အတွင်းရှိလမ်းမကြီးများ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွင် ပါဝင်သည့် ရန်ကုန် – ပုသိမ်လမ်း၊ ပဲခူး – သန်လျင်လမ်း နှင့် ရန်ကုန် – မန္တလေး အမြန်လမ်းတို့ကို ADB နှင့်AIFတို့၏ ချေးငွေ အကူအညီဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည့် စီမံကိန်း သုံးခုနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး၌ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူနိုင်ရန် ခေတ္တဆိုင်းငံ့ထားခဲ့ရာမှ ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက ထပ်မံရှင်းလင်း တင်ပြခဲ့ အပြီး လွှတ်တော်က သဘောတူ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံဟာ မဟာမဲခေါင်ဒေသတွင်း နိုင်ငံအဖြစ် ၁၉၉၂ ခုနှစ်မှာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ CBTA:_Cross Border Transport Agreement စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်၊ CBTA ဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံအကြားနယ်စပ်ဖြတ်ကျော်ပြီး ကူးသန်းရောင်းဝယ် သွားလာနိုင်ဖို့ ဦးတည်ဆောင် ရွက် တဲ့ သဘောတူညီချက် ဖြစ်ပါတယ်၊ မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံရှိတဲ့ အထဲမှာ မြန်မာနိုင်ငံက လွဲရင် ကျန် ငါးနိုင်ငံကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကုန်စည် ပို့ဆောင် ကူးသန်း ရောင်းဝယ်မှုတွေ ဆောင်ရွက်လျက်ရှိပါတယ်၊ သို့သော်လည်း စာချုပ်ပါသဘောတူညီချက်တွေအရ ၂၀၁၉ ခုနှစ်မှာ တော့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ လမ်းပိုင်း သုံးခုတို့၏ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ချေးငွေရယူရေးအတွက် အတည်ပြုပေးပါရန် လွှတ်တော်သို့ တင်ပြခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.