Connect with us

Politics, Law & Military

မောင်တောမြို့၌ ကျပ် သိန်း ၁၃၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် တရားခံအားတွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်မြစ်အတွင်းမှ ကျပ် သိန်း ၁၃၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နတ်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် နိုဝင်ဘာ ၃၀ ရက် နံနက် ၆ နာရီ ၅ မိနစ်တွင် ဦးစောလှကျွန်း၏ အရှေ့တောင်ဘက်မှ တစ်ဖက်နိုင်ငံသို့ လှော်ခတ်နေသော မသင်္ကာဖွယ် လှေတစ်စီးအား တွေ့ရှိ၍ မီးအချက်ပြခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိသဖြင့် လိုက်လံ ဖမ်းဆီး ခဲ့ပြီး ၎င်းလှေပေါ်ပါ ဆာလာအိတ် ၄ အိတ်အတွင်း ထည့်ထားသည့် စိတ်ကြွ ဆေးပြား ၆၅၅,၅၀၀ ပြား (တန်ဖိုးငွေကျပ်သိန်း ၁၃,၁၁၀) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများသယ်ဆောင်လာသော တရားခံအား ငါးခူရနယ်မြေ ရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ည ၇ နာရီ ၁၅ မိနစ်တွင် နတ်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် ရွက်ညိုတောင်ချောင်းဝ အနောက်မြောက်ဘက်မှ ဦးစောလှကျွန်းသို့ ကူးခတ်နေသည့် ပလပ်စတစ်ပုံးအဝါ ၄ လုံးအား တွယ်ချိတ်၍ ဖောင်အဖြစ် အသုံးပြုကာ ကူးခတ်နေသော မသင်္ကာဖွယ်သူများအား တွေ့ရှိသဖြင့် လိုက်လံစစ်ဆေးခဲ့ရာ မောင်တောမြို့၊ သရက်အုပ်အရှေ့ရွာနေ ဆော်လမူလာ (၃၄) နှစ် နှင့် အာလီယာမောက် (၁၉) နှစ်တို့ ၂ ဦး ဖြစ်ပြီး ၎င်းတို့နှင့်အတူ အထုပ် ၃ ထုပ် နှင့် ထုတ်ပိုးထားသည့် WY စိတ်ကြွဆေးပြား ၁၉၀၀၀၀ ပြား တို့အား ဖမ်းဆီးရမိခဲ့ပြီး ငါးခူရနယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.