Connect with us

Politics, Law & Military

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး၌ ညှိနှိုင်းဆောင်ရွက်ရန် ကျန်ရှိသည့်ကိစ္စရပ်များကို အမြန်ဆုံး ဆောင်ရွက်ရန် ဒုသမ္မတဆို

ဒုတိယ သမ္မတ ပဲခူးမြို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်စစ်ဆေးစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး၌ ညှိနှိုင်းဆောင်ရွက်ရန် ကျန်ရှိသည့်ကိစ္စရပ်များကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေးစီမံကိန်း ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒီဇင်ဘာ ၁၇က်နေ့ နံနက် ၁၁ နာရီတွင် ပဲခူးမြို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

လေဆိပ်တည်ဆောက်ရေးစီမံကိန်းသည် နိုင်ငံတော်အတွက်အကျိုးရှိသည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း၊ စီမံကိန်းအမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေး ဝိုင်းဝန်းကြိုးစားကြရန်နှင့် မြေယာကိစ္စများအားစနစ်တကျပြီးပြတ်အောင် ဆောင်ရွက်ပေးကြရန် ဒုတိယ သမ္မတက ပြောကြားသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအား နိုင်ငံတော် စီမံကိန်းအဖြစ် သတ်မှတ်ခဲ့မှု၊ စီမံကိန်းအတွက်လိုအပ်သည့် အခြေခံအဆောက်အဦနှင့် ရေလိုအပ်ချက်၊ လျှပ်စစ်မီး လိုအပ်ချက်၊ လေယာဉ်ဆီလိုအပ်ချက်နှင့် လမ်းပန်းဆက်သွယ်ရေးလို အပ်ချက်များ အား ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် စီစဉ်နေမှု၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်း စီမံကိန်းဧရိယာအတွင်း ဆောင်ရွက်ခဲ့သော အထောက်အကူပြုလုပ်ငန်း များနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းများ ကိုရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက စီမံကိန်းဧရိယာအတွက် မြေယာကိစ္စများ ဆောင်ရွက်နေမှု၊ ကျူးကျော် စာရင်းများ ကောက်ယူခြင်း၊ လျော်ကြေးပေးနိုင်ရေးနှင့် ပြန်လည်နေရာချထားနိုင်ရေး စသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းလွင်က ရှင်းလင်း ပြောကြားသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် ကျောက်တိုင်ကန်ကျေးရွာအနီး ပင်လယ်ရေပြင်အထက်အမြင့် ၁၃၅ ဒသမ ၇၇ ပေတွင်တည်ရှိပြီး မြေဧရိယာမှာ ၉၆၉၀ ဧက ကျယ်ဝန်းသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.