Connect with us

Politics, Law & Military

နတ်မြစ်အတွင်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး ဖမ်းဆီး

နတ်မြစ်အတွင်း ဖမ်းဆီးရမိသော တရားခံများအားတွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေး ကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

မောင်တောမြို့၊ မောင်နီကျေးရွာအနီး နတ်မြစ်အတွင်း၌ နိုဝင်ဘာ ၃၀ ရက်၊ နံနက် ၆ နာရီ ၂၅ မိနစ်တွင် ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်စဉ် စက်တပ်လှေ တစ်စီးပေါ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရေယာဉ်၏မြောက်ဘက် ကိုက် ၂၀၀ ခန့်အကွာ တစ်ဖက်နိုင်ငံသို့ ခုတ်မောင်းနေသည့် မသင်္ကာဖွယ်ရာ စက်တပ်လှေ (၁) စီး တွေ့ရှိရ၍ မီးအချက်ပြ ခေါ်ယူစစ်ဆေးရာ စက်လှေပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာပ်မြို့နေသူ မွတ်စတာဟာမတ် (၅၄ နှစ်)၊ ဂျူဘိုင် (၁၉ နှစ်)နှင့် လှန်ဟမ်းကီးအာလောင် ၁၉ နှစ်တို့ (၃)ဦးအား ဖမ်းဆီးရမိပြီး မကျီးချောင်းနယ်မြေရဲစခန်း၌ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပု်မ ၁၃(၁) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃၀ ရက်၊ည ၁၀ နာရီခွဲကလည်း သတင်းအရ မောင်တောမြို့မ အနောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား ရှာဖွေခဲ့ရာ အိမ်၏အနောက်ဘက် အိမ်သာ ပိုက်အောက် မြေကြီးအတွင်း မြှုပ်ထားသည့် အမေရိကန်လုပ် Parabellun – PANTENTED စာတမ်းပါ ၉ မမ ပစ္စတို (၁) လက်၊ကျည်အိမ် (၁)ခု၊ ကျည် (၂၃)တောင့်နှင့်အတူ တရားခံနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုတွင် ဖမ်းဆီးရမိခဲ့သည့် တရားခံ ၂ ဦးအား မောင်တောမြို့မ ရဲစခန်းတွင် လက်နက်ပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117