Politics, Law & Military
မောင်တောမြို့၌ ပလတ်စတစ်ပိုက်ဖြင့် ပြုလုပ်ထားပြီး အသက် မသွင်းရသေးသော လက်လုပ်မိုင်း အလုံး ၄ဝ တွေ့ရှိ သိမ်းဆည်း ရမိ

ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)
မောင်တောမြို့၌ ချောင်းကူး ကွန်ကရစ်တံတားအောက်တွင် မသင်္ကာဖွယ်ရာအထုပ် တစ်ထုပ်မှ ပလတ်စတစ် ပိုက်ဖြင့် ပြုလုပ်ထားသည့် အသက် မသွင်း ရသေးသော လက်လုပ်မိုင်း အလုံး ၄ဝ အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၂၉ ရက်တွင် မြို့မ မြောက်ရပ်ကွက် ချောင်းကူးတံတားအနီး၌ နေထိုင်သူ ဦးညွန့်တင်သည် မြို့မ မြောက်ရပ်ကွက်မှ မြို့ဦးရွာ (ရခိုင်)သို့ ဖြတ်ကူးသည့် အရှည်ပေ ၄ဝ ခန့်ရှိ ချောင်းကူး ကွန်ကရစ် တံတား အောက်တွင် မသင်္ကာဖွယ်ရာအထုပ် တစ်ထုပ်မှ ပလတ်စတစ် ရေပိုက် (နှစ်ဖက်ပိတ်) အတိုများ တွေ့ရှိ၍ အနီးရှိ မြို့ဦးရွာ ရဲကင်းသို့ သတင်းပေးပို့ခဲ့ရာ ရဲကင်းမှ သက်ဆိုင်ရာသို့ ဆက်လက် သတင်း ပို့ခဲ့သည့် အတွက် တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ရာမှ တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသိမ်းဆည်းရမိသည့် လက်လုပ်မိုင်းများအား စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)