Connect with us

Politics, Law & Military

မြောက်ဥက္ကလာပ မြို့နယ်၌ ငွေစက္ကူအတု ၁ သောင်းကျပ်တန် နှင့် ၅ ထောင်ကျပ်တန် အတုများ ဖမ်းဆီး ရမိ

ငွေစက္ကူအတုများဖြင့် ဖမ်းဆီးရမိသူ တစ်ဦးအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်ရှိ ဘုံကထိန် အလှူခံ တစ်ခု၌ ငွေစက္ကူအတု (၁၀,၀၀၀)ကျပ်တန်နှင့် (၅,၀၀၀)ကျပ်တန် အတုများ ကိုင်ဆောင်၍ လှူဒါန်း သုံးစွဲနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ဌ ရပ်ကွက် နေသူ တစ်ဦးအား အောက်တိုဘာ ၂၈ ရက်တွင် ဖမ်းဆီး ရမိသဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုဖမ်းဆီးရမိသူ၏ ဘေးလွယ်အိတ်အတွင်းမှ ငွေစက္ကူအတု (၁၀,၀၀၀)ကျပ်တန် (၁၃၉) ရွက် နှင့် (၅,၀၀၀) ကျပ်တန် (၆၀)ရွက်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ဝေဘာဂီနယ်မြေရဲခစန်း(ပ)၁၁၇၇/၂၀၁၇၊ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

မှုခင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ၅,၀၀၀ ကျပ်တန် ငွေစက္ကူ အတုများသည် နိုင်ငံခြား စက္ကူ အမျိုးအစား ဖြစ်ပြီး အစစ်ထက် (၁)လီမီတာတိုခြင်း၊ နံပါတ်စဉ် အက္ခရာများသည် အရောင်မှေးမှိန်နေခြင်း၊ ရုပ်ပုံ/တန်ဖိုး ရေစာများမှာ ပုံရိပ်သာပါရှိခြင်း၊ လုံခြုံရေးကြိုးမှာ ခရမ်းရောင်သာ ပါရှိပြီး အရောင်းပြောင်းလဲမှု မရှိခြင်း၊ လျှို့ဝှက်ချက်များ မပါရှိဘဲ ကာလာပရင်နည်းဖြင့် တုပထားခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)