Connect with us

Politics, Law & Military

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေ ထိုင်ခွင့်ဖြင့် လူ ၅၉၁ ဦး ခွင့်ပြုထား

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီအစည်းအဝေး ကျင်းပစဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအနက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီမှ လူပေါင်း ၅၉၁ ဦးကို ခွင့်ပြုထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေ ထိုင်ခွင့်ပြုခြင်းဆိုင်ရာ လုပ်ငန်းစတင်ဆောင်ရွက်သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ယခုအထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူ စုစုပေါင်း ၆၄၈ ဦးရှိသည့်အနက် ၅၉၁ ဦးကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအနက ်ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်း ဆောင်ရွက်မှုကို ဇန်နဝါရီ ၁၃ ရက်တွင်  ရင်းနှီးမြှုပ်နှံသူ တစ်ဦး၊ မြန်မာနိုင်ငံသားဟောင်း  ၁၃ ဦး၊ ယင်းတို့နှင့်ဆက်စပ်သူ နိုင်ငံခြားသား လေးဦး စုစုပေါင်း နိုင်ငံခြားသား ၁၈ ဦးကို လူတွေ့ မေးမြန်းအကဲဖြတ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း၊၎င်းတို့အား အတည်ပြုပြီးပါက အထက် အဆင့်ဆင့်သို့တင်ပြ၍ နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံတွင် နိုင်ငံခြားသားများအား ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသား ဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူ များဟူ၍ အမျိုးအစားလေးမျိုး ခွဲခြားသတ်မှတ် ကာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System) ကျင့်သုံး ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းကဲ့သို့ လျှောက်ထားသူများကို  ထုတ်ပြန် ပြဋ္ဌာန်းထားသည့် နည်းဥပဒေနှင့်အညီဖြစ်စေ ရေးအတွက် လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီတို့မှ အဆင့်ဆင့်စိစစ်ရွေးချယ်ကာ လူတွေ့ မေးမြန်းအကဲဖြတ်၍ အဆင့်ဆင့်အတည်ပြုပြီး အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.