Connect with us

Politics, Law & Military

ပူးပေါင်း ဆောင်ရွက်ရေး ဆက်ဆံမှုများနှင့် အတူ မြန်မာ-တရုတ် အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်ဟု ပြည်ထောင်စု လွှတ်တော် နာယက ပြောကြား

တရုတ် - မြန်မာ နှစ်နိုင်ငံ အလံများအား အတူတကွ တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံတို့သည် နယ်နိမိတ်ခြင်း ထိစပ်နေသော အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်ပြီး  နှစ်ဦးနှစ်ဖက် ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် ၎င်းတို့၏ ဆက်ဆံရေးသည် ပိုမို ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော် နာယက နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန့်၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ် မတိုင်မီ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ဆင်ဟွာ သတင်းဌာနတို့ ပြုလုပ်သော တွေ့ဆုံ မေးမြန်းမှု တစ်ခုတွင်  ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။“တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက် အရ နိုင်ငံတော် အလည် အပတ် ခရီးစဉ် လာရောက်မယ်လို့ သိရတဲ့ အတွက် ဝမ်းသာပါတယ်။”ဟု ၎င်းက ပြောကြားခဲ့ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် လာရောက် ခြင်းအား ပြည်ထောင်စု လွှတ်တော်က ကြိုဆိုပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

“တရုတ် နိုင်ငံ သမ္မတ ခရီးစဉ် အလွန် ထူးခြားတဲ့ အဓိပ္ပာယ် တစ်ခုကို ဖော်ဆောင်ပါတယ်။အဲဒါက မြန်မာနိုင်ငံဟာ အိမ်နီးချင်းကောင်း နဲ့ မိတ်ဖက်ကောင်း ဆိုတာကို ကမ္ဘာကို ပြလိုက်တာပါ။”ဟု ၎င်းက ဆိုသည်။တရုတ်-မြန်မာ နှစ်နိုင်ငံ ဥပဒေပြုလွှတ်တော်များသည် ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော် စတင် ဖွဲ့စည်းချိန်ကတည်းက နီးကပ်သော ဆက်ဆံရေး နှင့် အပြန်အလှန် ဖလှယ်မှုများ ထိန်းသိမ်းခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ် ဥပဒေပြု ကျွမ်းကျင်သူတွေ လာပြီးတော့ ကျွန်တော်တို့နှင့် အတူ အတွေ့အကြုံနဲ့ ဗဟုသုတတွေ မျှဝေခဲ့ကြ ပါတယ်။”ဟု ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။ “တရုတ် နိုင်ငံ လွှတ်တော်ရဲ့ ဖိတ်ကြားချက် အရ တရုတ် နိုင်ငံကို ကျွန်တော်တို့ကလည်း သွားရောက်ခဲ့တာတွေ ရှိပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။“မြန်မာ နိုင်ငံ နဲ့ တရုတ် နိုင်ငံက ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေ ဖြစ်ပြီး သမိုင်းမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်သည် မြန်မာ-တရုတ် ဆက်ဆံရေးကို ပိုမို အားကောင်းစေပြီး အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်မှုများ ပို၍ ပို၍ တိုးတက်လာမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.