Politics, Law & Military
မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ဆောင်ရွက်နေသော လုပ်ငန်းများ ဆွေးနွေး

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ဆောင်ရွက်နေသော လုပ်ငန်းများအရေး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူး Mr. Knut Ostby တို့ ယနေ့တွေ့ဆုံ ဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး Mr. Knut Ostby အား ယနေ့ နံနက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံခဲ့ကြကြောင်း သိရသည်။ယင်းသို့တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)