Connect with us

Politics, Law & Military

ငဖဲမြို့နယ်၌ ပိုင်ရှင်မဲ့ဘိန်းစိုက်ခင်းများဖျက်ဆီး

ဘိန်းပင်များရှင်းလင်းမှုအားတွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ငဖဲမြို့နယ်၌ ပိုင်ရှင်မဲ့ ဘိန်းစိုက်ခင်းတို့အားဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ ၁၁း၃၅နာရီ အချိန်မှ ၁၄း၂၅ နာရီ အချိန်ထိ ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့သည် နောင်ကျေးရွာ၏အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာ လျှိုအတွင်း ဘိန်းစိုက်ခင်း ၁ ဧကခန့်(ပိုင်ရှင်မဲ့)နှင့် ၎င်းနေရာ၏တောင်ဘက် ၂ဖာလုံခန့်အကွာရှိ လျှိုအတွင်း ဘိန်းစိုက်ခင်း ၁၁ဧက(ပိုင်ရှင်မဲ့)တို့ တွေ့ရှိ၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ ၁၁း၃၅ နာရီအချိန်မှ ၁၂း၁၅ နာရီ အချိန်ထိ ငဖဲမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့သည် ရေဖြူကျေးရွာ၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ လျှိုအတွင်း ဘိန်းစိုက်ခင်း ၁ ဧကခန့်(ပိုင်ရှင်မဲ့)အား တွေ့ရှိဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် မင်းတုန်းမြို့နယ် ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ ၄၆ ဦးအား ဘိန်းစိုက်ပျိုးမှု မရှိစေရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)