Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ယနေ့ထွက်ခွာ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ် နိုင်ငံ သို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီး သွားရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိလာစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၇ ရက် မှ ၂၁ အထိ တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီး သွားရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ မွန်းလွဲပိုင်း၌ ထွက်ခွာသွားကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်လေကြောင်းဖြင့် ကူမင်းမှတဆင့် ပေကျင်းသို့ ထွက်ခွာသွားခြင်းဖြစ်သည်။

တရုတ် နိုင်ငံ သို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီး သွားရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံံရုံး သံမှူးကြီး မစ္စတာ ချန်းချန်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်စဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ သို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီး သွားရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်စဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံံရုံး သံမှူးကြီး မစ္စတာ ချန်းချန် နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက လေဆိပ်သို့ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၂၀၁၅ ခုနှစ် ဇွန်လအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ အနေဖြင့် သွားရောက်ခဲ့သည်။ (Xinhua)