Politics, Law & Military
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြင်ဆင်ဖွဲ့စည်း

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို ပြောင်းလဲခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA)မှ စုံစမ်းသိရှိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၅၉/၂၀၁၈ ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း အား ဥက္ကဋ္ဌ အဖြစ်ခန့်ထား၍ ပြင်ဆင်ဖွဲ့စည်း လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။ယခင်က မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ တာဝန်ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဆောင်ရွက်ခဲ့သည်။(Xinhua)