Connect with us

Politics, Law & Military

ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခွင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၌ လျှောက်ထားနိုင်

- ၂၀၁၇ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးနေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာလိုသည့် ပြည်တွင်းနှင့် နိုင်ငံတကာ (ပြည်ပ) ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများသည် ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခွင့်ကို ဇွန် ၆ ရက်မှ စတင်၍ အောက်တိုဘာ ၁၈ ရက် အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

လာမည့် နိုဝင်ဘာ ၃ ရက်တွင် လစ်လပ်မဲဆန္ဒနယ်များ အတွက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ် စုစုပေါင်း (၁၃) နေရာ ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ (၂၀၆၂) ဦးနှင့် နိုင်ငံတကာ(ပြည်ပ) ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ (၃၁၂)ဦး ရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်းစောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အမိန့်ကြော်ငြာစာအမှတ် (၁/ ၂၀၁၆) နှင့် နိုင်ငံတကာ(ပြည်ပ)ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၆) တို့ဖြင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ၂၀၁၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.