Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၌ ယာဉ်တိုက်မှုကြောင့် ၇ဦးသေဆုံးပြီး ၉ဦး ဒဏ်ရာရရှိ

မန္တလေး-မုံရွာ ကားလမ်းပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားနေမှုအား တွေ့ရစဉ်(ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

စစ်ကိုင်းမြို့နယ် မန္တလေး-မုံရွာ ကားလမ်း မိုင်တိုင်အမှတ်(၂၃/၁-၂)ကြား၌ ဇွန် ၅ ရက်နေ့ နံနက် ၁၁နာရီခွဲတွင် ယာဉ်တိုက်မှုကြောင့် လူ ၇ဦး သေဆုံးပြီး ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မန္တလေး-မုံရွာ ကားလမ်း မိုင်တိုင်အမှတ်(၂၃/၁-၂)ကြား၌ လိုက်ထရပ်ယာဉ်အား BGO 6B/××××ကန်တာ ၆ ဘီး ယာဉ်မှ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်တိုက်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်ပါ ၁၆ ဦးအနက် ၇ဦး သေဆုံးခဲ့ပြီး ၄ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကာ ၅ ဦးတို့တွင် မစိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ကန်တာယာဉ်မောင်းအား ရွာသစ်ကြီး နယ်မြေရဲစခန်းမှ ယာဉ်(ပ)၂၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/ ၂၀၂(ပေါ့လျော့မှုကြောင့် လူသေစေမှု/ ပြင်းထန်/ သာမန် နာကျင်စေမှု/ သတင်းပေးရန် ပျက်ကွက်မှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.