Politics, Law & Military
မြန်မာနိုင်ငံ၌ နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စင်ကာပူနှင့် ထိုင်း ကုမ္ပဏီနှစ်ခု အဆိုပြုထားဟုဆို
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စင်ကာပူနှင့် ထိုင်း ကုမ္ပဏီနှစ်ခု အဆိုပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။
ထိုင်းကုမ္ပဏီသည် မကွေးတိုင်း မင်းဘူးမြို့နယ်၌ ၂၂၀ MW နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၇ သန်းဖြင့် ရင်းနှီးမြှုပ်နှံရန် နှင့် စင်ကာပူကုမ္ပဏီသည် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် နဘူးအိုင်ကျေးရွာ၌ ၁၅၀ MW နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို အမေရိကန် ဒေါ်လာ ၄၈၀သန်းဖြင့် ရင်းနှီးမြှုပ်နှံရန် အသီးသီး အဆိုပြုထားကြကြောင်း သိရသည်။
ယင်း အဆိုပြုထားသော ကုမ္ပဏီနှစ်ခုကို MIC က စိစစ်နေပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရများနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံ၏စွမ်းအင် ကဏ္ဍကို စိတ်ဝင်စားမှု မြင့်မားနေကြောင်း ဦးသန်းအောင်ကျော်က ဆိုသည်။(Xinhua)