Connect with us

Politics, Law & Military

၂၀၁၇ နှစ်ဆန်းတွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်

ပထမအကြိမ် ပြည့်သူ့လွှတ်တော် သက်တမ်းအတွင်း ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ဧပြီလက ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

လွှတ်တော်အသီးသီးတွင် လစ်လပ်လျက်ရှိသော ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းတွင် ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာသို့ ပြောခဲ့သည်။

“ ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ နှစ်ဆန်းပိုင်းမှာ ကျင်းပသွားပါမယ်။ မဲဆန္ဒနယ် အရေအတွက်ကိုတော့ အခု အတိအကျ မပြောနိုင်သေးပါဘူး။ မကျင်းပခင် ကြားကာလမှာ ကိုယ်စားလှယ်တွေ ထပ်ပြီး လစ်လပ်တာမျိုး ပေါ်လာနိုင်တာလည်း ရှိပါတယ်။ ရွေးကောက်ပွဲ နီးမှ မဲဆန္ဒနယ် စာရင်း အတိအကျကို ထပ်ပြီး ကြေညာ ပါ့မယ်” ဟု ၎င်းက ပြောခဲ့သည်။
လက်ရှိ အခြေအနေတွင် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ဝင်များ အဖြစ် ခန့်အပ်ခြင်း ခံရသောကြောင့် လစ်လပ် ကိုယ်စားလှယ် နေရာပေါင်း ၃၁ နေရာရှိသည်။
ပြည်သူ့ လွှတ်တော်တွင် လစ်လပ် ကိုယ်စားလှယ် ဦးရေ ခုနစ်ဦး (ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေ၊ ဦးသန့်စင်မောင်၊ ဒေါက်တာ သန်းမြင့်၊ ဒေါက်တာ မျိုးအောင်၊ ဦးကျော်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်) နှင့် အမျိုးသား လွှတ်တော်တွင် သုံးဦး ( ဦးဟင်နရီ ဗန်ထီးယူ၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဒေါက်တာ အောင်သူ)၊ စုစုပေါင်း လစ်လပ်ကိုယ်စားလှယ် ၁၀ ဦးနှင့် ၂၀၁၅ တွင် ရွေးကောက်ပွဲ တွင် မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ် ခုနစ်နေရာအတွက် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၂၁ ဦး (တိုင်းဒေသကြီး လွှတ်တော်အတွက် ၁၄ ဦး၊ ပြည်ထောင်စု လွှတ်တော် အတွက် ခုနစ်ဦး) တို့ဖြစ်သည်။
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပချိန်တွင် အဆိုပါ ဒေသများ အားလုံး တည်ငြိမ် အေးချမ်းပါက အနည်းဆုံး မဲဆန္ဒနယ် ၃၁ နေရာအတွက် ကျင်းပပေးရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.