Connect with us

Politics, Law & Military

စစ်ကိုင်းမြို့ကမ်းနားလမ်းတွင် လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံ ငါးခုပါ ပိုင်ရှင်မဲ့ကျောပိုးအိတ်တစ်လုံးသိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် လက်ပစ်ဗုံးအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံ ငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ်တစ်လုံးကိုှိပြည်သူ တို့၏ သတင်းပေးမှုကြောင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများက သွားရောက်စိစစ်သိမ်းဆည်းခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

စစ်ကိုင်းမြို့ စိန်ကုန်းရပ်နေ ကိုနန်းဝါ (၃၄ နှစ်) ကမ္ဘာကျော် ထုံးစက်လုပ်သူသည် ဧရာဝတီမြစ်ရေများ ပြန်လည်ကျဆင်းသွားသဖြင့် ရေ၌ မျောပါလာသည့် ဘူးသီး ခြောက်များ ကမ်းနားတစ်လျှောက် လိုက်လံကောက်ယူစဉ် 3 Colour လက်ဖက် ရည်ဆိုင်အနီး မြစ်ကမ်းနံဘေး၌ ကျောပိုးအိတ်တစ်လုံးအား တွေ့ရှိ၍ မသင်္ကာဖွယ် ပစ္စည်းများပါရှိသည်ဟု စစ်ကိုင်းမြို့ မရှိခဏဘုရားအနီး ကွမ်းယာရောင်းသူ ဦးဖိုးပြုံး (၃၇ နှစ်)က သက်ဆိုင်ရာသို့ ဖုန်းဖြင့် ဆက်သွယ်သတင်းပေးပို့ခဲ့သည်။စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး မြသင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဉာဏ်သောင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ထွန်းနိုင်တို့က သြဂုတ် ၂၁ ရက် နံနက် ၁ဝ နာရီက သွားရောက် ကြည့်ရှုစစ်ဆေးကြရာ အဆိုပါ ကျောပိုးအိတ်အတွင်း၌ ပလတ်စတစ်အိတ်နှင့် ထည့်လျက် OT – 536 / 2005 MG-I တံဆိပ်ပါ အစိမ်းရောင်လက်ပစ်ဗုံး ငါးလုံးနှင့် ပလတ်စတစ်ကော်ဘူးနှင့် ထည့်ထားသည့် စနက်တံ ငါးခုတို့ကို တွေ့ရှိ သဖြင့် သက်သေများရှေ့၌ သိမ်းဆည်းခဲ့ပြီး တွေ့ရှိပစ္စည်းများအား မွန်းလွဲ ၂ နာရီတွင် နယ်မြေခံတပ်သို့ လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.