Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၌ လူလေးဦးတွင် တစ်ဦး ဆင်းရဲနွမ်းပါးဟု ဆို

စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးဝင်း အဖွင့် စကားပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဗဟိုစာရင်းအင်း အဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် UNDP တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် မြန်မာ့ နေထိုင်မှု အခြေအနေ စစ်တမ်း(၂၀၁၇) အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ လူလေးဦးတွင် တစ်ဦး ဆင်းရဲနွမ်းပါး လျက်ရှိကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံလူဦးရေ၏ ၂၄ . ၈ ရာခိုင်နှုန်း( ၁၁ ဒသမ ၈ သန်း)တို့သည် ဆင်းရဲနွမ်းပါးလျက်ရှိကြောင်း၊ ၂၀၁၅ ခုနှစ်၌ ဆင်းရဲနွမ်းပါးမှုဦးရေ ၄၈ ဒသမ ၂ ရာခိုင်နှုန်းနှင့်ယှဉ်ပါက လျော့ကျလာခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ပြောခဲ့သည်။

အဆိုပါ စစ်တမ်းအစီရင်ခံစာအရ ကျေးလက်နေပြည်သူအများစုတို့က ပိုပြီး ဆင်းရဲကြောင်း၊ အထူး သဖြင့် လယ်ယာလုပ်ငန်းတွင် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်းများတွင် လည်း လယ်ယာပိုင်ဆိုင်မှု မရှိသူတိုက ပိုပြီး ဆင်းရဲကြကြောင်း၊ ထိုတွေ့ရှိချက်များက စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များ အတွက်သာမက နိုင်ငံရေး ဆုံးဖြတ်ချက်များအတွက်ပါ အသုံးဝင်ကြောင်း၊ ကျေးလက် ဒေသများ၌ လယ်မြေမူဝါများ ပြန်လည် ပြင်ဆင်ရေး၊ လယ်ယာ ထုတ်ကုန်များ တိုးမြင့် လာရေးအတွက် ခေတ်မီနည်းပညာများ အသုံးပြုနိုင်အောင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာရေး တို့အတွက်လည်း အသုံးတည့်သည့် အစီရင်ခံစာ ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ် ပို့ဆောင်ရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိရေး စသည့် အခြေခံ အဆောက်အအုံများ ပြည့်စုံလာအောင် ဖြည့်ဆည်းပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ လူမှု စီးပွား ဖွံ့ဖြိုး လာစေရေးအတွက် ဆောင်ရွက်ခြင်းဟာ နိုင်ငံတော်ရဲ့ ဆင်းရဲနွမ်းပါးမှုကို လျော့ကျစေသည့် တွန်းအား တစ်ရပ်လည်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံရုံး တာဝန်ခံ Mr. Gevorg Sargsyan အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

UNDP ဌာနေကိုယ်စားလှယ် Mr. Peter Batchelor အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

မြန်မာ့ နေထိုင်မှု အခြေအနေ စစ်တမ်း(၂၀၁၇) အစီရင်ခံစာ မိတ်ဆက်ပွဲ ကျင်းပနေစဉ်။(ဆင်ဟွာ)

အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးကြစဉ်။(ဆင်ဟွာ)

အဆိုပါ ‘မြန်မာ့နေထိုင်မှု အခြေအနေ စစ်တမ်း (၂၀၁၇) အစီရင်ခံစာအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်းများ ရေးဆွဲရာတွင် အသုံးပြုနိုင်ရေး အတွက် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားပြီးဖြစ် ကြောင်း မြန်မာနိုင်ငံ ဗဟို စာရင်းအင်း အဖွဲ့၏ ညွှန်ကြားရေးမှုးချုပ် ဦးဆန်းမြင့်က မီဒီယာကို ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.