Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၂၇၁၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၇၁,၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၇၁၄ သိန်း) အားသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန်၂၄ ရက်နေ့ ၁၄း၃၀ နာရီ တွင် တပ်မတော်သားများသည် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း(တောင်ပေါ်)ကျေးရွာ အုပ်စု၊ ပူနားကိုကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ပူနားကိုကျေးရွာမှ အားဆော်ပေါ်မိုး ကျေးရွာသွားလမ်းဘေး တောင်စောင်းချုံအတွင်းရှိ ဆာလာအိတ်အတွင်းမှ ရှမ်းစက္ကူများ၊ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၇၁,၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂,၇၁၄ သိန်း) ၊ ဆာလာအိတ်ဖြင့်ထည့်ထားသည့် ကဖင်း အလေးချိန် ၆၆၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၆၅ သိန်း)တို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၉)မိုင်းဆတ်သို့ လွှဲပြောင်း ပေးအပ်သဖြင့် မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)