Connect with us

Politics, Law & Military

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်

နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အသီးသီး ၏ သဘောတူညီချက်အရ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာကို ဇွန်လ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ယခုအခါကယားပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့တွင် အဆိုပါဝန်ကြီးဌာနအသစ်ကို တိုးချဲ့ဖွဲ့စည်းပြီးဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ပါရှိသည်။ (Xinhua)