Politics, Law & Military
မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ ဒေသတွင်း ပေါင်းစည်းရေး လုပ်ငန်း များကို ဆက်လက် ပါဝင် ဆောင်ရွက် သွားမည်
ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ၏ ဒေသတွင်း ပေါင်းစည်းရေး လုပ်ငန်းများကို ဆက်လက်ပြီး ပူးပေါင်း ပါဝင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ နှစ် (၅ဝ) ပြည့် အာဆီယံနေ့ ဗီဒီယို သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အာဆီယံ၏ ဘုံရည်မှန်းချက် ဖြစ်သည့် ”အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂ဝ၂၅” ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး အတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။
အာဆီယံနိုင်ငံ အားလုံးတွင် နှစ်ပေါင်း ၅ဝ အတွင်း ထူးခြားသည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း ၊ အာဆီယံ ၁ဝ နိုင်ငံ၏ စီးပွားရေး အင်အားသည် ကမ္ဘာပေါ်တွင် နံပါတ် ၇ နေရာကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုနှစ်ပေါင်း ၅ဝ ၏ အတွေ့အကြုံများအပေါ် အခြေခံပြီး တိုးတက် ပြောင်းလဲနေသော ကမ္ဘာ့ အခြေအနေများ အကြားတွင် အာဆီယံ အဖွဲ့ကြီးအား ရှင်သန်ထက်မြက်သော အဖွဲ့အစည်းကြီး အဖြစ် ရပ်တည်သွားနိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)