Connect with us

Politics, Law & Military

လားရှိုးမြို့နယ်အတွင်း ဖောက်ခွဲရေးပစ္စည်းများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား ဖောက်ခွဲရေးပစ္စည်းများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း ဖောက်ခွဲရေးပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရေပူစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် သားများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ်လ ၈ ရက် နံနက် ၆ နာရီခွဲတွင် မူဆယ် ဘက်မှ လားရှိုးဘက်သို့ ယာဉ်မောင်းဦးစိုင်းအေညွန့်(ဘ)ဦးဆွဲ့ခမ်းဟိန်းမောင်းနှင်လာသော 6D/—–MARK-2 အမျိုးအစားအဖြူရောင်မော်တော်ယာဉ်အား မသင်္ကာသဖြင့်ရပ်တန့်စစ်ဆေးရာ ယာဉ်အတွင်းမှ အချိုရည်ဘူး၊ ဘီယာဘူးများအတွင်း ဓာတ်မြေသြဇာနှင့် C4 ယမ်းပေါင်းစပ်ထည့်ထားသည့် အတုံး၂၅ တုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်နှင့် ပစ္စည်းများအား လားရှိုးမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.