Connect with us

Politics, Law & Military

မြန်မာနှင့် စီးပွား မိတ်ဖက် နိုင်ငံများ နှစ်ဖက်စလုံး ဖွံ့ဖြိုးရန် ခိုင်မာ အားကောင်းသည့် အဆင့် ရောက်ရှိ

ဒုတိယ အကြိမ် မြန်မာ ဖွံ့ဖြိုးမှုဆိုင်ရာ ထိရောက်သော ဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပနေစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ၂၀၁၉ (ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် စီးပွား မိတ်ဖက်နိုင်ငံများ နှစ်ဖက်စလုံး ကောင်းစွာ ဖွံ့ဖြိုး အကျိုးရှိရေး အတွက် မိမိတို့တွင် အားကောင်းပြီး ခိုင်မာသော အခြေခံ အုတ်မြစ်များ အသေအချာ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဒုတိယ အကြိမ် မြန်မာ ဖွံ့ဖြိုးမှုဆိုင်ရာ ထိရောက်သော ဆွေးနွေးပွဲ (2nd Myanmar Development Effectiveness Roundtable) ၏ ဒုတိယနေ့အစည်းအဝေး၌ ပြောကြားခဲ့သည်။

“မြန်မာ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု စီမံချက် (MSDP) နဲ့ အသစ်ပြုပြင်မွမ်းမံထားသော ဖွံ့ဖြိုးမှု အကူ အညီ မူဝါဒ၊ ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေး အဖွဲ့ (DACU)၊ သတင်းအချက်အလက် စီမံခန့်ခွဲမှု အကူအညီ၊ စီမံကိန်း ဘဏ်၊ မြေယာဘဏ်နှင့် ပြန်လည် ဆန်းသစ် တီထွင်ထားသော မဟာဗျူဟာ ညှိနှိုင်းရေး အဖွဲ့တို့ဖြင့် မြန်မာနိုင်ငံနဲ့ စီးပွား မိတ်ဖက်နိုင်ငံများ နှစ်ဖက်စလုံး ကောင်းစွာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မိမိတို့မှာ အားကောင်းပြီး ခိုင်မာသော အခြေခံ အုတ်မြစ်များ အသေအချာ ရှိနေပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက စောင်းနှင့် အကများဖြင့် ဖြေဖျော်နေစဉ်။(ဆင်ဟွာ)

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း အဖွင့်စကား ပြောကြားစဉ်။(ဆင်ဟွာ)

မြန်မာနိုင်ငံအတွက်ရော စီးပွားမိတ်ဖက်နိုင်ငံများပါ ဖွံ့ဖြိုး အကျိုးရှိဖို့နှင့် ထိုသို့ ဖွံ့ဖြိုးလာအောင် ဆောင်ရွက် ပေးမည်ဟု ပြည်သူများကို ကတိပြုထားသည့်အတိုင်း လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံ၏ အမျိုးသား အဆင့် ဦးစားပေး တာဝန်ယူမှု တာဝန်ခံမှုပင် ဖြစ်ကြောင်း၊ အဆိုပါ လမ်းကြောင်းအတိုင်း အတူတကွ လျှောက်လှမ်းကြပါစို့၊ ထိုသို့ လျှောက်လှမ်းရန် ယခု အစည်းအဝေးသို့ တက်ရောက်လာသူ အားလုံး အချင်းချင်း ဆော်သြ တိုက်တွန်းကြပါစို့၊ယခု အစည်းအဝေးက ချမှတ်သော မူများနှင့် ညီညွတ်မှု ရှီရန် မိမိကိုယ်မိမိ ဆန်းစစ် ဆောင်ရွက်ကြပါစို့၊ မိမိတို့၏ ပထမဆုံးသော ခြေလှမ်းများကို ပိုမို မြဲမြံအောင် အားထုတ်ကြပါစို့၊ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး အနာဂတ် နေ့ရက်များအတွက် မျှော့်လင့် ဆောင်ရွက် ကြ ပါစို့ ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

ပထမအကြိမ် Myanmar Development Effectiveness Roundtable ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် နေပြည်တော် MICC II ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း တက်ရောက်ကာ အမှာစကား ပြောခဲ့သည်။ ယခု ဒုတိယ အကြိမ် အစည်းအဝေး (2nd Myanmar Development Effectiveness Roundtable )ကို ယမန်နေ့ ဒီဇင်ဘာ ၄ ရက်၌ စတင်ကျင်းပခဲ့ပြီး ယနေ ့သည် အစည်းအဝေး ပြီးဆုံးသည့် ဒုတိယနေ့ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.