Connect with us

Politics, Law & Military

နေပြည်တော် နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ်တန် ၄၀၀ ကျော် သိမ်းဆည်းရမိ

ဖမ်းဆီးရမိသည့် သစ်များအားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) 

နေပြည်တော် နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ်တန် ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်း မျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာ နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၁၀၇ ဒသမ ၀၆၇၅ တန်၊ သစ်မာ ၅၇ ဒသမ ၈၃၉၈ တန်၊ အခြား ၂၄ ဒသမ ၅၀၈၃ တန် စုစုပေါင်း ၄၁၃ ဒသမ ၄၁၅၆ တန်၊ ပြစ်မှုကျူးလွန်သူ ၁၀၁ ဦး၊ ယာဉ်/ယန္တရား ၄၄ စီး ဖမ်းဆီးရမိခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ပါရှိသည်။  (Xinhua)