Connect with us

Politics, Law & Military

မြန်မာ- တရုတ်- ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးဆောင်ရွက်မည်

မြန်မာ- တရုတ်- ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက် လေ့လာမှု လုပ်ငန်းများဆောင်ရွက်သွားရန် သဘောတူလက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၉ ရက် (ဆင်ဟွာ)

မြန်မာ- တရုတ်- ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက် လေ့လာမှု လုပ်ငန်းများဆောင်ရွက်သွားရန် ယနေ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်းအဆိုပါ သုံးနိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေးက သတင်းထုတ်ပြန်ခဲ့သည်။

နေပြည်တော် Horizon Lake View Hotel တွင် မတ်လ ၈ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့သောသုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက် ဝန်ကြီးအဆင့် အစည်းအဝေးသို့ မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအမျိုးသားစွမ်းအင် အုပ်ချုပ်ရေးအဖွဲ့ (National Energy Administration) ၏ Vice Administrator H.E. Mr. Li Fanrong ၊ ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ လျှပ်စစ်၊ စွမ်းအင်နှင့် သတ္တုအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး H.E. Dr. Tawfiq-e-Elahi Chowdhury BB နှင့် သုံးနိုင်ငံတို့မှ စွမ်းအင်ဆိုင်ရာအဆင့်မြင့် အရာရှိကြီးများတက်ရောက်ခဲ့ကြပြီး လျှပ်စစ်ဓာတ်အားကုန်သွယ် ရေးနှင့် လျှပ်စစ်ဓာတ်အားနှင့် စပ်လျဉ်းပြီးဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကိုဆွေးနွေး ခဲ့ကြရာသုံးနိုင်ငံမှ ကိုယ်စားလှယ်များ ကျွမ်းကျင်ပညာရှင်များ ပါဝင်သော ပူးတွဲလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်း၍ လုပ်ငန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု လုပ်ငန်းကိုဆက်လက် ဆောင်ရွက်သွားကြရန် ယနေ့နေ့လယ်ပိုင်းတွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက် လေ့လာမှု လုပ်ငန်းများဆောင်ရွက်သွားရန် တက်ရောက်လာသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့ သုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ခြင်းဖြင့် စွမ်းအင်ဖူလုံရေး၊ လျှပ်စစ်စွမ်းအင် အရင်းအမြစ်များကို မျှဝေသုံးစွဲရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနဆိုင်ရာများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့် အလမ်းဖန်တီးပေးနိုင်ရေးတို့တွင် တ်ုးမြှင့် ဆောင်ရွက်ပေးနိုင်ရုံသာမကသုံးနိုင်ငံတို့အကြားကာလ ကြာရှည် ရင်းနှီးချစ်ခင်မှုကိုပိုမိုခိုင်မြဲစေခြင်းနှင့် စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသညိ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.